သတင်းများ

ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအား ဝင်ခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
Jun 03,2025
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သောကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ပြန်လည်ကျင်းပပြုလုပ်မည် ဖြစ်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ငလျင်ကြောင့်ရပ်နားခဲ့ရသည့် စာမေးပွဲများအတွက် အစားထိုးစာမေးပွဲများ ကျင်းပဖြေဆိုလျက်ရှိ
Jun 03,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား၊ ကျောင်းသူများ အစားထိုးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးချမ်းစွာ ကျောင်းတက်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်း (၉၅) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား
Jun 03,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်က တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 03,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်မှစတင်၍ ကျောင်းများ ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်၍ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ၏မိသားစုအား ထောက်ပံ့ငွေများပေးအပ်
Jun 03,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေး မိုးကြိုးပစ်ခံရ၍ သေဆုံးသူ၏မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော သဘာဝဘေးထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွား/လာမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်
Jun 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်း သွား/လာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် စုပေါင်းရုံးလမ်းဆုံတို့တွင် သက်ဆိုင်ရာ အဖွဲ့များ ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။