ကြို့ပင်ကောက်မြို့တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ၏မိသားစုအား ထောက်ပံ့ငွေများပေးအပ်

ကြို့ပင်ကောက် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေး မိုးကြိုးပစ်ခံရ၍ သေဆုံးသူ၏မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော သဘာဝဘေးထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ တောရကျေးရွာတွင် မေလ ၃၀ ရက်နေ့က သဘာဝဘေး မိုးကြိုးပစ်ခံရ၍ ၇ တန်းကျောင်းသား မောင်ဖြိုးလေး သေဆုံးသွားခဲ့ကြောင်း ထိုသို့သဘာဝဘေးကြောင့် သေးဆုံးမှုအတွက် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက သေဆုံးသူ၏မိသားစုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျတု (ပြန်/ဆက်)