ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

ချမ်းမြသာစည် ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်မှစတင်၍ ကျောင်းများ ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်၍ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထက်/လယ်/ မူ အခြေခံပညာ ကျောင်းပေါင်း (၃၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အခြေခံ ပညာကျောင်း (၃၄) ကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း (၃၈၀၁၄) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့