ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်း (၉၅) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား

ဘုတ်ပြင်း ဇွန် ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်က တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းခရိုင်အတွင်း အခြေခံပညာကျောင်း (၈၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကျောင်း (၁) ကျောင်း၊ စုစုပေါင်းကျောင်း (၉၅) ကျောင်းတို့တွင် အထက်တန်းကျောင်းသား၊ ကျောင်းသူ (၈၉၇) ဦး၊ အလယ်တန်းကျောင်းသားကျောင်းသူ (၃၁၀၆) ဦး၊ မူလတန်းကျောင်းသား၊ ကျောင်းသူ (၁၂၂၁၁) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၆၂၁၄) ဦး အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား  အခြေခံပညာကျောင်းအသီးသီးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ယခု ပညာသင်နှစ်တွင် KG မှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်း ဝတ်စုံ (၁)စုံ၊ ခဲတံ (၄) ချောင်း၊ ဗလာစာအုပ် (၁) ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Geade-6 မှ Grade-12 အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ခဲတံ (၂) ချောင်း၊ မင်တံ (၂) ချောင်း၊ ဗလာစာအုပ် (၁) ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)