ပွင့်ဖြူမြို့နယ်တွင် အခွန်ဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 05,2025
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့်ပတ်သက်ပြီး အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက် အခွန်ဆိုင်ရာအကြောင်း အသိပညာပေးရှင်းလင်းဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။