မြင်းခြံ ဇွန် ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆၉) ကျောင်းတွင် ကျောင်းအပ်သည့် ကျောင်းသား/ သူများမှာ မူလတန်းအဆင့် ကျောင်းသား/သူ ၁၁၀၉၇ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ ၂၈၄၄ ဦး၊ အထက်တန်းအဆင့် ၁၁၆၀ ဦး စုစုပေါင်း ၁၅၁၀၁ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၁) ကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား/သူ ၆၆၃၀ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၄၉၂ ဦး စုစုပေါင်း ၈၁၂၂ ဦး၊ ကိုယ်ပိုင်ကျောင်း (၇) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၁၁၉၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၄၀ ဦး၊ အထက်တန်းအဆင့် ၂၂၃ ဦး စုစုပေါင်း ၁၆၅၈ ဦး အပ်နှံခဲ့ကြသည်။ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ကျောင်းသား/သူဦးရေ (၂၄၈၈၁) ဦး ကျောင်းအပ်နှံခဲ့ကြပြီး ယမန်နေ့ဇွန်လ (၂) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတွင် ပျော်ရွှင်အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)