သတင်းများ

ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ ပထမပြန်နှင့်ပါဌိပထမပြန်စာမေးပွဲများဖြေဆို
Jun 05,2025
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပထမပြန်နှင့် ပါဌိပထမပြန်စာမေးပွဲများကို ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်သာသနာ့ဗိမ္မာန် ၌ ဖြေဆိုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက်
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူ (၂၂၃၂၆)ဦး ပျော်ရွှင်စွာဖြင့် ပညာသင်ကြား
Jun 05,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ(၂၂)ရက်နေ့မှစတင်ကာ ဇွန်လ(၁)ရက်နေ့အထိ  ကျောင်းအပ်လက်ခံ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၈)နာရီ၄၅)အချိန်မှစတင်ကာ ကျောင်းသား/ ကျောင်းသူကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လိန်တောကြိုးပြင်ကာကွယ်တော၌ ခရိုင်အဆင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာကန် ရေဝေရေလဲဧရိယာအတွင်း ကျရောက်သော လိန်တောကျေးရွာအုပ်စု လိန်တောကြိုးပြင်ကာကွယ်တော၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် ခရိုင်အဆင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး
Jun 05,2025
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၃ ရက်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေး‌ပေးခဲ့‌ သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Jun 05,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 05,2025
ကျန်းမာရေးဝန်ကြီးဌာန၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ သစ်လွင်သားဖွားများအား  တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။