ချမ်းအေးသာစံမြို့နယ်အတွင်း  လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်

ချမ်းအေးသာစံ ဇွန် ၃

ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇လမ်း၊ ၃၃×၃၄ လမ်းကြားတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဥ်များအား စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့  လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို အမှတ် (၈) မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးနိူင်နှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်အောင်နှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများသည် ယာဉ်စစ်ပိတ်ဆို့စစ်ဆေး ဆောင်ရွက်ခဲ့သည်။

စစ်ဆေးရာတွင် မော်တော်ကား (၄၅) စီး၊ မော်တော်ဆိုင်ကယ် (၁၂၅) စီး စစ်ဆေးဆောင်ရွက်ခဲ့ပြီး မော်တော် ဆိုင်ကယ် (၂) စီးအား လိုင်စင်မဲ့ဆိုင်ကယ်အား လက်ဝယ်ထားရှိခြင်း၊ ဆိုင်ကယ် (၁) စီးအား ၆ နှစ်အထိ လိုင်စင်သက်တမ်းတိုးထားခြင်းမရှိ၍ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှတ် ၈ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ 

ချမ်းမြေ့မောင်