ကရသူရိမြို့၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွား/လာမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်

ကရသူရိ ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်း သွား/လာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် စုပေါင်းရုံးလမ်းဆုံတို့တွင် သက်ဆိုင်ရာ အဖွဲ့များ ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင် ဦးစီး၍ နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ခိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဥ်များအား လိုင်စင်၊ ယာဥ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးရမိရေး ခရီးသည်တင်ယာဥ် (၁၀) စီး၊ ကုန်တင်ယာဥ် (၅) စီးနှင့် ကိုယ်ပိုင်မော်တော်ယာဥ် (၁၀) စီးတို့အား စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့မော်တော်ယာဥ်များ ဖမ်းဆီရရှိခြင်း မရှိခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ကရသူရိ(ပြန်/ဆက်)