နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ငလျင်ကြောင့်ရပ်နားခဲ့ရသည့် စာမေးပွဲများအတွက် အစားထိုးစာမေးပွဲများ ကျင်းပဖြေဆိုလျက်ရှိ

တောင်ငူ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား၊ ကျောင်းသူများ အစားထိုးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးချမ်းစွာ ကျောင်းတက်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုနေမှုအခြေအနေအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၃၆၅)ဦး၊ ကျောင်းသူ(၃၄၉)ဦး စုစုပေါင်း(၇၁၄)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား(၃၆၂)ဦး၊ ကျောင်းသူ(၃၄၃)ဦး စုစုပေါင်း(၇၀၅)ဦးရှိကြောင်း၊ ပျက်ကွက်သူ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၆)ဦး စုစုပေါင်း(၉)ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး နည်းပညာတက္ကသိုလ်(တောင်ငူ) ပညာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)