ပြင်ဦးလွင်မြို့တွင် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဟောပြောပွဲ ကျင်းပ
Jun 01,2025
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်အမျိုးအစားအလိုက် အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက် အခွန်ပညာပေးရှင်းလင်းဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။