လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကျောင်းတက်ရောက်ရန်အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃၀ ရက်နေ့နံနက်(၁၀)နာရီ၌ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သူဇာသိမ့်က အဖွင့်အမှာစကားပြောကြားပြီးဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်၊ခဲတံ၊ချွန်စက်၊ကျောပိုးအိတ်၊ပေတံ၊ကွန်ပါဘူး၊ထီး၊ကျောင်းစိမ်းဝတ်စုံနှင့်ထမင်းဗူးများအား ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့ရှိ ကျောင်းတက်ရောက်ရန်အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူ (၁၄ )ဦးတို့ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များပူးပေါင်း၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
ခင်၀င်းမူ