သတင်းများ

မချမ်းဘော၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွား
Jun 01,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မလိခမြစ်ရေ(၁၅၇၄)စင်တီမီတာထိမြင့်တက်ခဲ့သည်။မလိခမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ(၁၂၀၀)စင်တီမီတာသတ်မှတ်ထားရာ စိုးရိမ်ရေမှတ်အထက် (၃၇၄)စင်တီမီတာမြင့်တက်ခဲ့ပြီး မချမ်းဘောမြို့မြို့ပေါ်အမှတ်(၄)ရပ်ကွက်နှင့် မချမ်းဘော- နမ်ခမ်-ကောင်းမှုလုံလမ်းမပေါ်သို့ မြစ်ရေ၃ပေခန့် ကျော်တက်မှုဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်း လူနေအိမ်၂လုံးနှင့် ရဝမ်ရိုးရာစာပေနှင့်ယဥ်ကျေးမှုရုံး၁လုံး၊ စုစုပေါင်းအဆောက်အအုံ ၃လုံး ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရွှေကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
Jun 01,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၉ ရက်နေ့ နံနက် (၁၀)နာရီခန့်က ရွှေကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ကျေးရွာများ၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏​ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက  အသက်ကယ်အင်္ကျီများ စနစ်တကျအသုံးပြုနည်းများကို ​မေလ ၂၉ ရက်နေ့က  ကျုံဘုတ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟားခါးမြို့၌ တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 01,2025
တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွားနောက်၊ ဝက်၊ ကြက်မွေးမြူးရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Jun 01,2025
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင်  ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို မေလ ၃၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံယူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 
ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုမရှိစေရေး ရေစုပ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်
Jun 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် နွေသီးနှံစိုက်ပျိုးထားရှိသော နှမ်းစိုက်ခင်းများနှင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများတွင် မိုးရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုများမရှိစေရေး ရေစုပ်စက်များဖြင့် ရေများစုပ်ယူရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ
Jun 01,2025
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ် (၂) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။