သတင်းများ

မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
May 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်း‌လျှော ရောဂါကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့)ဆောင်ရွက်
May 31,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက (အခမဲ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် မိုးစပါး ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်‌ ရေးလျာထား ဆောင်ရွက်လျက်ရှိ
May 31,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် မိုးစပါး (၈၆၈၂၅) ဧက စိုက်ပျိုးနိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ဆင်းသုခ စပါး ၃၇၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ညောင်တုန်းမြို့နယ်တွင် ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
May 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သော "ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးစီမံကိန်း" မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ မြသလွန် စေတီတော် မြတ်ကြီးလမ်း‌ ဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
May 31,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြသလွန်စေတီ တော်မြတ်ကြီး သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းစုပေါင်း တံခွန်စိုက်ဆုရရှိ
May 31,2025
၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲကို မေလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့အင်းယားကန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အသင်းကစုပေါင်းတံခွန်စိုက် ဆုကို ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 31,2025
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ဘော်လီဘောအားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ စဥ်ဆက်မပြတ်ပေါ် ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်း အဝေးကို မေ ၃၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည်။