သတင်းများ

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒိုက်ဦးမြို့နယ်အတွင်း ကွင်းဆင်းဆေးကုသမှုများပြုလုပ်
Jun 01,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ (၃၁)ရက်နေ့ နံနက်ပိုင်းက  ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီတိုက်နယ်ဆေးရုံသို့သွားရောက်၍  ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း
Jun 01,2025
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်သက်မွေးဝမ်း ကျောင်း ပညာလုပ်ငန်းကော်မတီတို့မှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ ကြဲခင်းစနစ်လျှော့ချရေး Seeder ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS) ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Jun 01,2025
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(စမ်းကြီး)၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။   
ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး
Jun 01,2025
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း(Grade-12)ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ် ဆေး ထိုးနှံပေးခြင်းကို စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားလေ့ကျင့်ရေးစခန်း အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက်သွင်းအားစု ပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်
Jun 01,2025
ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃၁ ရက်နေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှဌာနဆိုင်ရာများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်
Jun 01,2025
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးရေးနှင့် တိုးပွားရှည်သန်စေရန် နိုင်ငံတစ်ဝန်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၀၂၅)ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ပုလုံးတုံတုံးကျေးရွာ၊ Cyclone Shelter အနီးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်‌တော်တရားသူကြီးချုပ်နှင့် တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့များ တက်ရောက်ပြီး မိုးရာသီသစ်ပင်များ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။