မြစ်သား ဇွန် ၁
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မစျေးတောင်ဘက်အပေါက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များက ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံပြည်သူများ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာ ၂၈၀၀၀ ကျပ်၊ ကြက်ဥ ၁ လုံး ၄၀၀ ကျပ်၊ မနောသုခဆန် ၁ ပြည် ၃၀၀၀ ကျပ်နှင့် စားအုန်းဆီ ၁ ပိဿာ ၈၀၀၀ ကျပ်အား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချရာသို့ မြစ်သားမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)