သတင်းများ

တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲ လွိုင်ကော်၌ ကျင်းပ
Jun 01,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ၌ကျင်းပရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ “ ဓာတ်မြေ ဩဇာသုံးစွဲမှုကို လျော့ချနိုင်ရန်နှင့် မြေဆီလွှာဂုဏ်သတ္တိ တိုးတက်လာစေရန် လုပ်ဆောင်ရမည့် အချက်မှာ ပိုက်ဆံလျှော်စိုက်ပျိုး၍ မြေမြုပ်ထယ်ထိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ နှစ်စဉ် ဆောင်ရွက်ပါက မြေဆီလွှာဂုဏ်သတ္တိ အလျင်အမြန်တိုးတက်လာမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများရဲ့ လူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်ပြီး တောင်သူကြီးများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်ပညာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန်ပြင်ဆင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Jun 01,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် ကန္ဒရဝတီ ဂေါက်ကွင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ MSMEs လုပ်ငန်းများ လိုက်လံကြည့်ရှုအားပေး
Jun 01,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာမျိုးသန့် မျိုးစေ့များ(အခမဲ့)ပေးအပ်
Jun 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်  မိုးသီးနှံရာသီတွင် ဆီထွက်သီးနှံ မိုးနေကြာ မျိုးသန့်ပွားများရေးအတွက် နေကြာမျိုးသန့်မျိုးစေ့များ ပေးအပ်ခြင်းကို မေလ ၃၀ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
မကွေးမြို့မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်းများဆောင်ရွက်
Jun 01,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရပကန)နှင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ၊ မေလ ၃၁ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်၊ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ ပ‌ညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip-Ep) (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jun 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip-Ep)(၁/၂၀၂၅) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့က အထက (၁) သီရိရတနာခန်းမ၌ ကျင်းပသည်။
မြောင်းမြမြို့တွင် ဆန်စက်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဆန်စက်များ၌မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယနေ့နံနက်ပိုင်းက မြဟေမာရပ်ကွက် "ဓနထွန်း" ဆန်စက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jun 01,2025
မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။