သတင်းများ

ဘိုကလေးမြို့နယ်မှ လေဘေးသင့် အိမ်ထောင်စု(၂)စုအား ကူညီထောက်ပံ့
May 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟေမာန်ညီနောင်ကျေးရွာအုပ်စုတွင် မေလ(၂၇)ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျပျက်စီးခြင်း၊ မေလ(၂၈)ရက်နေ့ ညနေပိုင်းက ကဒုံကနိကျေးရွာအုပ်စု၊ ပင်လယ်ကမ်းစပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ၎င်းလေဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုချည်ထိုးနည်း သင်တန်းဆင်းပွဲပြုလုပ်
May 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အတတ်ပညာရှင်တို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီ အိမ်တွင်းလက်မှုချည်ထိုးနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ
May 31,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ထွန်းစိန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းခင်းခြင်း ဆောင်ရွက်
May 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်း ရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၀၀)သန်းဖြင့် ထွန်းစိန်ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ယနေ့ နံနက် ၁၀ နာရီက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးရာသီတွင် မိုးစပါးဧက (၄၆၈၁၇) စိုက်ပျိုးရန်လျာထား
May 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန်ဧက (၄၆၈၁၇) လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခရမ်းမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ သင်တန်းပို့ချ
May 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်‌နေသော သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးရေး နည်းပညာပို့ချ‌ခြင်းသင်တန်းကို ယမန်နေ့ နေ့လယ်က ခရမ်းမြို့နယ် သမဝါယမအသင်းစု လီမီတက်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရသည်။
လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း ဂွေးတောက်ပင်များ စိုက်ပျိုးလာလျက်ရှိ
May 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂွေးတောက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။
ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
May 31,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)၊ သီရိဇေယျာခန်းမ၌ ကျင်းပကြောင်း သိရသည်။