သတင်းများ

ပန်းတောင်းမြို့နယ်၌ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ရွှေညီနောင် ကျေးရွာအုပ်စု၊ ရေမနောက်ကျေးရွာ၊ အရိယာဝါသ (သီလရှင်)ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ချောင်းဦးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသီးနှံ စံပြကွက်စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ စိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုရမည့် သွင်းအားစုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ပညာရေးဝန်ကြီးဌာနက “၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား” ကျင်းပ
Jun 01,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပညာရေးဝန်ကြီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့၏ရေထုတ်ပေါက်ဖြစ်သည့် ရေတံခါးအားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 01,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ညောင်ဝိုင်းကျေးရွာအနီးရှိ မြို့၏ရေထုတ်ပေါက်ဖြစ်သည့် ရေတံခါးအား ပြုပြင်ထိန်းသိမ်းခြင်းနှင့်ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၊ သိရီစန္ဒာရုံသီလရှင်ကျောင်းစာသင်တိုက်ရှိ သီလရှင်များအား ဆွမ်းဆန် (၃၁)အိတ်အား ဆက်ကပ်လှူဒါန်း
Jun 01,2025
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ Grade-12 သင်ဆ
Jun 01,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 01,2025
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို မေလ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်းဘေး မြေသားတာဘောင် ရေထိန်းနံရံတည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများကာကွယ်နိုင်ရေး ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်နောက်တွင် မယ်ဆိုင်ချောင်းဘေး မြေသားတာဘောင် ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။