သတင်းများ

လှိုင်မြို့နယ်၌ စားသုံးသူသို့ ထုတ်ပေးသည့်ပြေစာ အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ရေး ကွင်းဆင်းစစ်ဆေး
Jun 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များအတွင်းရှိ အများပြည်သူများ တွေ့မြင်နိုင်သောနေရာများတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်က သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား/သူများအားလုံး ကျောင်းအပ်နှံရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ကွင်းဆင်းစည်းရုံးဆောင်ရွက်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသား/ သူများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ တာဝန်ရှိသူများက ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာကျောင်းများ၌ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)၌ အမျိုးသမီးရေးရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 01,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့)၌ အသိပညာပေးဟောပြောပွဲကို မေလ ၃၀ ရက်နေ့က သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၊ ဇော်ကုန်းကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှုကြည့်ရှု၊ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်
Jun 01,2025
မွန်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူ ရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန်ရည်ရွယ်၍ မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာ ဦးမင်းဆန်းလွန်း၏ အသားတိုးဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ဝက်မွေးမြူ ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဇီးကုန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
Jun 01,2025
ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကန်ညီကိုကျေးရွာ၌ ယနေ့ နံနက် ၈ နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
လှိုင်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ‌ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jun 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Jun 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ(၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးဝန်ကြီးဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။