သတင်းများ

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 31,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းနေရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၂ ရက်နေ့ မှ စပြီး ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 31,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
သထုံမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန် ဆိုင်ကယ်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
May 31,2025
မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ/မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ်
May 31,2025
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများနှင့် သင်ကြားရေးဆရာ/မများအား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်
May 31,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စာစစ်ဌာန(၃)ခုတွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားရေးဆရာ/မများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ
May 31,2025
ပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်
May 31,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၊ အမှတ် (၁၀၃) ခြေမြန်တပ်ရင်း ဘက်စုံသုံးခန်းမ၌ ဘေးအန္တရာယ်လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ သီးနှံဇုန်စီမံကိန်း တာဝန်ပေးအပ်ပွဲ ကျင်းပ
May 31,2025
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး စိုက်ပျိုးရာသီတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်စေရေး၊ ကြဲခင်းစနစ် ပပျောက်စေရေး Drum Seeder အသုံးပြု စိုက်ပျိုးနိုင်​ရေး ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ သီးနှံဇုန်စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။