မိုင်းဖြတ်မြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာမျိုးသန့် မျိုးစေ့များ(အခမဲ့)ပေးအပ်

မိုင်းဖြတ် ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်  မိုးသီးနှံရာသီတွင် ဆီထွက်သီးနှံမိုးနေကြာ မျိုးသန့်ပွားများရေးအတွက် နေကြာမျိုးသန့်မျိုးစေ့များ ပေးအပ်ခြင်းကို မေလ ၃၀ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု(၂၁)အတွက် တစ်အုပ်စုလျှင် (၁)ဧက မျိုးသန့်ပွားများထားနိုင်ရန် ဆင်းရွှေကြာ(၂)မျိုးသန့်မျိုးစေ့ (၃)ကီလိုကို တာဝန်ရှိသူများ ထံပေးအပ်ခဲ့သည်။

ထိုကဲ့သို့  နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းသည် ဒေသအတွင်း စားသုံးဆီဖူလုံမှု (၆၅) ရာခိုင်နှုန်းခန့်သာရှိသည့်အတွက်  စားသုံးဆီဖူလုံရေး အဖက်ဖက်မှကြိုးပမ်းလျက်ရှိရာ  ၂၀၂၅-၂၀၂၆ ခုနှစ်တွင်  ဆီထွက်သီးနှံနေကြာကို ဆောင်းရာသီ၌ (၄၂၀)ဧက တိုးချဲ့စိုက်ပျိုးရန် ရည်မှန်း ထားရာ  (၄၂၀)ဧကအတွက်  မျိုးလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန် မိုးရာသီတွင်မျိုးသန့် ပွားများရေးအတွက် အဆိုပါမျိုးများကို  ၂၀၂၅- ၂၀၂၆ ခုနှစ်  မိုးရာသီတွင် မျိုးသန့်ပွားများ နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းရာသီ၌      စိုက်ပျိုးထားသော ဆင်းရွှေကြာ(၂)မျိုးများ ကိုပေးအပ်ခြင်းဖြစ်ကြောင်း၊ မိုးရာသီတွင်ကျေးရွာ အုပ်စု(၁)အုပ်စုလျှင် (၁)ဧကနှုန်းဖြင့် မျိုးသန့်ပွားများ စိုက်ပျိုး၍ (၁)ဧကမှ မျိုးသန့်မျိုးစေ့ (၅) တင်းနှုန်း မျိုးစေ့ရယူ၍  ဆောင်းရာသီတွင် (၁) အုပ်စုလျှင် (၂၀)ဧကနှုန်းဖြင့်စိုက်ပျိုးပါက  လျာထားချက်ဧကဖြစ်သည့် (၄၂၀)ဧကပြည့်မီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)