ပြင်ဦးလွင် ဇွန် ၁
မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင် (အခမဲ့)နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းမှ ငလျင်ဘေးသင့်ပြည်သူများအတွက မိမိတို့အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် စေတနာရှင်၊ အလှူရှင်များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲထူးမှ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)