ကွမ်းခြံကုန်းမြို့နယ်၌ ပ‌ညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip-Ep) (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကွမ်းခြံကုန်း  ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip-Ep)(၁/၂၀၂၅) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့က အထက (၁) သီရိရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက E +1 စာသင်နှစ် ဖွဲ့စည်းပုံပြောင်းလဲခြင်းမျိုးဖြင့် ပညာရေးရဲ့အရည်အသွေးကို မြှင့်တင်တဲ့အခါမှာ ဆရာ၊ ဆရာမတွေ မှန်ကန်တဲ့တန်ဖိုးထားမှုများ၊ ကျွမ်းကျင်မှုများ၊ အသိပညာများနှင့် ထိရောက်စွာလက်တွေ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများဖြစ်ဖို့ လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမ မရှိသည့် မိမိကျောင်း၊ မိမိတို့ရပ်ကွက်ရဲ့ ပညာရေးကောင်းမွန်ဖို့  ကြိုးစားဆောင်ရွက်သည့် တိုင်းပြည်ရဲ့သားကောင်းရတနာတွေ ပြုစုပေးနိုင်တဲ့ ဆရာကောင်း ဆရာမွန်မြတ်များဖြစ်ကြစေရေးအတွက် မိမိတို့ကျောင်း မိမိတို့‌ဒေသအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာ၊ ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်မှ သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ(၄၈၂) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)