မကွေး ဇွန် ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရပကန)နှင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ၊ မေလ ၃၁ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်၊ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက် လန်းများသေဆေး Abate ခတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ