သတင်းများ

မြောင်းမြမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပညာရတနာခန်းမ၌ ဇွန်လ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲအခမ်းအနားကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောာင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အိမ်မဲမြို့ အ-မ-က မြို့မ (၂) တွင် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး​ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့  အ-မ-က မြို့မ (၂) တွင် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး​ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
၂၀၂၆ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းအား (၄-၆-၂၀၂၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြိုနယ်၊ ကဇင်းကြီးကျေးရွာ၊ ဘောလုံးကွင်းအနီး၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
မဟာ‌အောင်‌မြေမြို့နယ်၊ မြတောင်ကျောင်းတိုက် ရာပြည်ဓမ္မာရုံ၌ အစိုးရနိကာယ်စာမေးပွဲ ကျင်းပ
Jun 05,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်‌မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မြ‌တောင်ကျောင်းတိုက်အတွင်း၊ ရာပြည့်ဓမ္မာရုံတွင် (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား မြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းမှ ဩဝါဒဆရာတော် ဦးသာဂရာဘိဝံသနှင့် ကြီးကြပ်ရေးဆရာတော် ၁၅ ပါးတို့မှ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အုပ်စု(၁)ပါရာဇိကဏ်ကျမ်းစာ ဖြေဆိုသံဃာ ၁၈၇ ပါး၊ အုပ်စု(၂) သီလကွန် ကျမ်းစာ ဖြေဆိုသံဃာ ၂၂ ပါး၊ အုပ်စု(၃) မူလပဏ္ဏာသကျမ်းစာဖြေဆိုသံဃာ ၁ ပါး၊ အုပ်စု(၅)ဧကကာဒိကျမ်းစာ ဖြေဆိုသံဃာ ၅၆ ပါး၊ အုပ်စု(၈) ဓမ္မသင်္ဂဏီကျမ်းစာ ဖြေဆိုသံဃာ ၈ ပါး၊ အုပ်စု(၁/မဟာဝိဒူတန်း) ပါရာဇိကကျမ်းစာ ဖြေဆိုသံဃာ(၅)ပါး၊ စုစု‌ပေါင်း‌ ဖြေ‌ဆိုသံဃာ (၂၇၉)ပါး၊ ဖြေဆိုသံဃာ ၂၄၃ ပါး၊ ပျက်ကွက် ၁၃၆ ပါးရှိကြောင်း သိရသည်။
မအူပင်မြို့၌  ၂၀၂၆ ခုနှစ်၊ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ လူထုကျန်းမာ ရေးလုပ်သား(အကျဉ်းချုံး)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။