လိပ်သိုဒေသထွက် တောင်ပေါ်ကုလားအော် ငရုပ်သီး​ခြောက်များ စျေးကောင်းရရှိ

လိပ်သို ဩဂုတ် ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော တောင်ပေါ်ကုလားအော် ငရုပ်သီးခြောက်များမှာ ယခုမိုးရာသီကာလတွင် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ တောင်ပေါ်ကုလားအော် ငရုပ်သီးများကို ဒေသခံများက မိမိတို့၏ တောင်ယာခင်းများတွင် အများဆုံး စိုက်ပျိုးထားကြပြီး ဆွတ်ခူးအခြောက်လှန်းကာ စနစ်တကျ ထုပ်ပိုးသိုလှောင်ပြီး ရောင်းချလျက်ရှိနေကြောင်း၊ ဒေသထွက် တောင်ပေါ်ကုလားအော်ငရုပ်သီးခြောက်များမှာ တစ်ပိဿာလျှင် (၄၀၀၀ဝိ/-)ကျပ်မှ (၆၀၀၀ဝိ/-)ကျပ်အထိ စျေးရရှိနေကြောင်း ငရုပ်စိုက် တောင်သူတစ်ဉီးထံမှ သိရသည်။

လိပ်သိုဒေသတွင် တောင်ပေါ်ကုလားအော်သီးများအပြင် ယာဒိုပဒေါင် ငရုပ်သီး၊ ရုရှားသီး၊ မိုးမျှော်သီးစသော ငရုပ်မျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်