လဲချား သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊ ပြိုင်ပွဲဝင်စည်းမျဥ်းစည်းကမ်းများအားလည်းကောင်း ပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)