သတင်းများ

တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်တွင် ပြည်သူ့စကားဝိုင်း ကျင်းပ
Jul 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်တွင် ပြည်သူ့ဘဝမြင့်မားဖို့ ဥပဒေအသိပညာပေးကြစို့ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်၁၀ နာရီက လောကမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။
ပေါင်မြို့နယ် ကဒါရပ်ကွက်ရှိ လေဘေးသင့်ပြည်သူများအား ပံ့ပိုးငွေနှင့် အမျိူးသမီးသုံးပစ္စည်းများ ပေးအပ်
Jul 18,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၌ ဇူလိုင်လ (၅) ရက်နေ့ ည‌ပိုင်းတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့်ဘေးသင့်ခဲ့သော ပြည်သူများကို ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးနိုင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ မုဒုံမြို့နယ် လင်းလက်အနာဂတ်လူမှုအခြေပြုအဖွဲ့များမှ ပံ့ပိုးငွေနှင့် ပစ္စည်းများ‌ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၉၂၂၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 18,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၉၂၂၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 18,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ စိန်သာလျောင်းဘုရားဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။
မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Jul 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မူဆယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ကျောင်းကျန်းမာရေး ကြည့်ရှုစစ်ဆေးခြင်းနှင့် အာဟာရပြည့်အစားအစာများ ဝေငှပေးလျက်ရှိ
Jul 18,2026
နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲသုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုများသာမက ၎င်းတို့၏မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ပုံစံများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ကျောင်းအတွင်း ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း နာယက ဒေါ်နန်းဘေဘီမြင့်နှင့် အသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘားအံမြို့ရှိ အခြေခံပညာကျောင်းနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ အာဟာရပြည့်အစားအစာများအား ဝေငှပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်
Jul 18,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပသည်။
ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရမ်များ အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်‌ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးမည့် အိမ်များအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။