တံတားဦးမြို့နယ် ချောင်းမကန်၊ သူငယ်တော်ကန်နှင့်သစ်တက်ကုန်းကန်ရေသောက် စနစ်ဖြင့် မိုးစပါး  ၅၅၃ဧက စိုက်ပျိုးပြီးစီး

တံတားဦး  ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ချောင်းမကန်သောက် ၊ သူငယ်တော်ကန် ရေသောက်နှင့်သစ်တက်ကုန်းကန်ရေသောက် စနစ်တို့တွင် မိုးစပါး ဧက၈၀၀ စိုက်ပျိုးရန်လျာထားပြီး ယခုအခါ  ၅၅၃ဧက စိုက်ပျိုးပြီးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်တွင် ချောင်းမနက်ကန်ရေသောက်စနစ်တွင် မိုးနှံခြုံကျေးရွာအုပ်စု၊ ထန်းပေါက်ကုန်း ကျေးရွာအုပ်စုနှင့်  တောင်ပြုံးကျေးရွာအုပ်စုတို့တွင် ဧရာမင်းမိုးစပါးအား စိုက်ပျိုးခြင်း(၂၂၆)ဧက ၊ ကြဲပက်ခြင်း (၃၅)ဧက ၊ မနောသုခမိုးပါးအား စိုက်ပျိုးခြင်း(၁၄)ဧက ၊ စုစုပေါင်း (၂၇၅)ဧက၊ သူငယ်တော်ကန် ရေသောက်စနစ်တွင် ခေါင်းကွဲကျေးရွာအုပ်စုနှင့် သူငယ်တော်ကျေးရွာအုပ်စုတို့တွင် မနောသုခမိုးစပါး စိုက်ပျိုးခြင်း(၂၈)ဧက ၊ ကြဲပက်ခြင်း(၂၈)ဧက ၊ အောင်နိုင်တိုးမိုးစပါး စိုက်ပျိုးခြင်း (၇၂)ဧက စုစုပေါင်း ဧက ၁၀၀  ၊ သစ်တက်ကုန်းရေသောက်စနစ်တွင် ရွှေမိုးမြေကျေးရွာအုပ်စု၊ ထန်းလုံးတပ်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာအုပ်စုတို့တွင် ဧရာမင်းမိုးစပါးအား  ကြဲပက်ခြင်း(၂၇)ဧက၊ မနောသုခမိုးစပါး စိုက်ပျိုးခြင်း (၁၈)ဧက၊ ကြဲပက်ခြင်း(၁၃၃)ဧက၊ စုစုပေါင်း၁၇၈ဧက စိုက်ပျိုးကြောင်းသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် အဆိုပါကန်ရေသောက်စနစ်တို့တွင် စိုက်ပျိုးရန်လျထားဧက(၈၀၀)ရှိရာ ယခုအခါ ၅၅၃ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ကျန်ရှိသော ဧကများကိုလည်း အချိန်မီပြီးစီးရေး ဆောင်ရွက် လျက်ရှိကြောင်း၊ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ရေသွန်းရေထုတ် မှန်ကန်ရေး၊ မိမိတို့ လယ်ကွင်းအတွင်းရေရရှိရေးနှင့် မြောင်းများရှင်းလင်းရေး၊ ပြုပြင်ရေး ၊ ရေအလေအလွင့်မရှိရေးတို့ကို ကွင်းဝန်ထမ်းများက တောင်သူများအား ပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)