သတင်းများ

သာစည်မြို့နယ် အ.ထ.က မယ်ဇလီကန်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေး
Jul 19,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင် ၁၇ ရက်နံနက်က လမင်းစီမံချက်ဖြင့် အ.ထ.ကမယ်ဇလီကန်၌ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးလျာထားဧက ကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ
Jul 19,2026
နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ဘဏ္ဍာနှစ်တွင် ရေဆင်းပေါ်ဆန်း-၁(၇၀)ဧက၊ ရေဆင်းပေါ်ဆန်း-(၆၉)ဧက၊ ထိုင်းနှံကောက်(၁၁၆၂၂)ဧက၊ မှော်ဘီ-၂(၁၁၀၀၆)ဧက၊ ရက်-၉၀(၁၁၄၅၄)ဧက၊ ရတနာတိုး(၂၄၉၃၅)ဧက၊ ဗီယက်နမ်(၁၁၅၆၀)ဧက၊ အင်းမရဲဘော်(၈၃၂၄)ဧက၊ ယာ-၁၄ (၈၃၀)ဧက၊ မနောသုခ (၂၂၀၀)ဧက၊ အောင်နိုင်တိုး (၅၄၀)ဧက စုစုပေါင်း(၈၂၆၁၀)ဧက လျာထားလျက်ရှိရာ မိုးစပါးလျာထားဧက ကျော်လွန်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများမှ အလေးထားကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
တိုက်ကြီးမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ညောင်ဦးမြို့ ရွှေစည်းခုံဘုရားတောင်ဘက်(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းလုပ် ဆောင်နေမှု ကွင်းဆင်းစစ်ဆေး
Jul 19,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး တောင်ဘက်(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်းသာမန် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
Jul 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်၉နာရီက ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းသာမန် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပသည်။
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်ပေး
Jul 19,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်(‌၁၇)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြရာ ယမန်နေ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဦးဝင်းဌေး၊ ခရိုင်လဝကဦးစီးမှူး ဦးမြင့်ဘုန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုငြိမ်း တို့သွားရောက်ကြည့်ရှုခဲ့ကြသည်။
မဲခေါင်-လန်ချန်စီမံကိန်းအစီအစဥ်ဖြင့် ရေချိုပုစွန်တုပ်ကြီး သက်လတ်ကောင်များအား ပုစွန်မွေးတောင်သူများသို့ ဖြန့်ဝေ
Jul 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနငါးလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် "ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းအစီအစဉ်ဖြင့် ရေချိုပုစွန်တုပ်ကြီး သက်လတ်ကောင်များ ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီက တွံတေးငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့သည်။
တမူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကဘော်ခန်းမ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။