ဆီဆိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Aug 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆီဆိုင်မြိုနယ်အတွင်း ဘေးသင့်ပြည်သူများ စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်လာနိုင်ရန်အတွက် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။