ခမောက်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖျန်းခြင်းများ ဆောင်ရွက်

ခမောက်ကြီး  ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ၃၈ မိုင်ရှိ သွေးလွန်တုပ်ကွေး တွေ့ရှိနေအိမ်တွင် သြဂုတ်လ ၃ ရက်နေ့က ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်မှ အိမ်အတွင်း အပြင်ရှိ ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံး ဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှ ရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို ရေစစ်ဖြင့် စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)