မဟာအောင်မြေ ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူး ပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၄၂ လမ်း၊ လမ်း၈၀၊ ၈၁လမ်းကြားတွင် ရောင်းချပေးခဲ့သည်။
ဆက်လက်၍ သက်သာဈေးရောင်းချမည့် အစီအစဉ်ကို သြဂုတ် ၇ ရက်တွင် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင်လည်းကောင်း၊ သြဂုတ် ၈ ရက် တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားနှင့်ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၅လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားတို့တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ တိုက်ရိုက်ရောင်းချနေ မှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာနဌာနမှူး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း