ပုလော ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။
ဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အထက(၁) ကျောင်းသူလေးများ၏ ပန်းပွားအဖွဲ့ ကပြတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြု ဆုငွေများကို ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာ ဗဟုသုတ များကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အထက်တန်းအဆင့်/ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်း၊ စကားရည်လုပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဋိပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေ ဆွေးနွေးပွဲများနှင့် ကာယ/ဉာဏစွမ်းရည် ပြိုင်ပွဲ (၁၁)ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေး၍ ဗလာစာအုပ်များ၊ မုန့်များ ပေးအပ်ခဲ့ကြောင်းခဲ့ကြောင်း နှင့် ဆုရရှိသူများကို ဩဂုတ် ၇ ရက်နေ့ တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)