သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းဆွေးနွေး
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဒေသခံတောင်သူများ ပျားဖြင့်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ အသုံးချတတ်စေရန်၊ စီးပွားဖြစ်ပျားမွေးမြူသူများအတွက် ကုန်စရိတ်ပိုမိုသက်သာစေရန်စသည်တို့ကို သိရှိ‌စေရန် ရည်ရွယ်ကာ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းပြသပွဲကို မေ ၈ရက် မွန်းလွဲ၂ နာရီက ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာရှိ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲရုံးအတွင်း၌ ပြုလုပ်သည်။
တောင်ငူ၌ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်လှစ်
May 09,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ယနေ့နံနက်ပိုင်းက ဆိတ်ဖူးတောင်ကျေးရွာ၊ ကယ်တင်ခြင်းဘုရားကျောင်းခန်းမတွင် ရက်(၁၀၀)စီမံချက် “ပျားမွေးမြူရေးပညာပေးသင်တန်း”  ဖွင့်လှစ်သည်။
မြင်းခြံမြို့ ဆန္ဒတော်ပြည့်စေတီတော်(ဒုတိယအကြိမ်) ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အထွဋ်တော်တင်ပွဲကျင်းပ
May 09,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဆန္ဒတော်ပြည့်စေတီတော် (ဒုတိယအကြိမ်) ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အထွဋ်တော်တင်ပွဲ အခမ်းအနားကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက် ယနေ့ နံက် ၇ နာရီမှစတင်၍ ကျင်းပသည်။
ကွန်ဟိန်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
May 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆောင်ရွက်သည်။
ပန်းတောင်းမြို့နယ်၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် အုတ်ဖိုကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ကျိုးကျေးရွာတွင်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကြံခင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဉီးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ်၌ ဂျပန်နိုင်ငံကရာတေးအသင်း နည်းစနစ်ဆိုင်ရာဆွေးနွေးပွဲ  (၁/၂၀၂၆)ဖွင့်ပွဲကျင်းပ
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံကရာတေးအသင်း (JAPAN KARATE ASSOCIATION - JKA)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်နိုင်ငံကရာတေးအသင်း နည်းစနစ်ဆိုင်ရာဆွေးနွေးပွဲ (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း ၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။