သတင်းများ

လူရည်ချွန်စခန်း(ချောင်းသာ)မှတာဝန်ရှိလူကြီးများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများ
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ လူရည်ချွန်စခန်း‌(ချောင်းသာ)၌ မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်မောင်မယ် ၂၉၁ ဦးနှင့် ကြီးကြပ် ဆရာ၊ ဆရာမများက မေလ(၆)ရက်နေ့မှ မေလ(၁၀)ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန် ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများလေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
မြစ်ကြီးနားမြို့၌ ၂ဝ၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ ၂ဝ၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ မြစ်ကြီးနားမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။
အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်လေးများ သမိုင်းဝင်ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်လေ့လာလည်ပတ်
May 10,2026
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်းလူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက် ၇ နာရီက အ‌ခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံးအမိုးလန်မှုဖြစ်ပွား
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းတွင် ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆင့်မြင့်ပညာအဆင့်လူရည်ချွန်စခန်း( ချောင်းသာ)တွင် လူရည်ချွန်ကြီးများနှင့်တွေ့ဆုံပွဲ ကျင်းပ
May 10,2026
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြိုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)တွင်အပန်း‌‌ ဖြေအနားယူရန်နှင့်ဒေသန္တရဗဟုသုတရှာရန်ရောက်နေကြသောအဆင့်မြင့်ပညာအဆင့်လူရည်ချွန်များနှင့် (၁၉၆၄-၈၈)လူရည်ချွန်ကြီးများနှင့်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းက ချောင်းသာ Akariz  Garden Resort ၌ကျင်းပသည်။
ပင်းတယမြို့ရှိ အထင်ကရနေရာများသို့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်လေးများ လာရောက်လေ့လာလည်ပတ်
May 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အထင်ကရနေရများသို့ လာရောက်လေ့လာလည်ပတ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ပန်းဘွားဖွဲ့ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပန်းစည်းများဖြင့်လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများတီးမှုတ်၍ ကြိုဆိုခဲ့ကြ‌ကြောင်း သိရသည်။
ပြင်ဦးလွင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 10,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်ကြီးအမျိုးသားအထိမ်းအမှတ် ဥယျာဉ်၌ ကျင်းပသည်။
ထန်းတပင်မြို့နယ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
May 10,2026
သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအခြေပြု၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။