သတင်းများ

အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ပေး
May 10,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဆေးရုံ​ကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်အောင်မြို့နယ် ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်၊ ခရိုင် / မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
May 10,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ၊ ခရိုင် / မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းအား ကြည့်ရှုအားပေး
May 10,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှရက်(၁၀၀)စီမံချက်အဖြစ် “လူမှုစီးပွားဘဝ’’ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြီးမှူးကျင်းပဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို (၄.၅.၂၀၂၆) ရက်နေ့မှ (၁၇.၆.၂၀၂၆)ရက်နေ့အထိ သင်တန်းသူ(၁၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ အောင်ရတနာကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေက မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်းတည်၌ တောင်သူများအား စပါးစိုက်ပျိုးရေးအတွက် မျိုးစေ့ချကိရိယာများ ဆက်လက်ဖြန့်ဝေ
May 10,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်အသီးသီးရှိ တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder) များ ဖြန့်ချိပေးလျက်ရှိရာ မေ ၈ ရက်နေ့က ပေါင်းတည်မြို့နယ်အတွင်းရှိ တောင်သူများအား ဒုတိယအကြိမ် ဖြန့်ချိပေးအပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားနှင့် လူငယ်ရေးရာ ကဏ္ဍရပ်များအား ပြောကြားခြင်းအခမ်းအနားတက်ရောက်
May 10,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန် မောင်/မယ်များအားတွေ့ဆုံ၍ လူငယ်ရေးရာကဏ္ဍရပ်များအား ပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ၁၉၆၄ - ၁၉၈၈ ခုနှစ် လူရည်ချွန်ဥက္ကဋ္ဌ ၊ လူရည်ချွန်ကြီးများနှင့် တာဝန်ရှိသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များနှင့် ကြီးကြပ်သူဆရာ/ဆရာမများ တက်ရောက်ခဲ့ကြ ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေး
May 10,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးသည်။