သတင်းများ

စေတုတ္တရာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 09,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို စေတုတ္တရာမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးတွင် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်၌ လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပသည်။
အလုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
May 09,2026
ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင်၊ အလုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကရင်ခြံရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် လွှတ်တော်ကိုယ်စား လှယ်များနှင့်ဌာနဆိုင်ရာများတွေ့ဆုံ
May 09,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့‌တော်ခန်းမ၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
May 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ တီထွင်ကြံဆနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ကာ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည်။
ကျောက်ဆည်မြို့နယ်  သင်တောင်းကျေးရွာ၌ ကျန်းမာရေးအသိပညာပေးဟောပြော၊ ကာကွယ်ဆေးတိုက်ကျွေး၊ ရေတွင်းရေကန်များအား အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့် ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကျောက်တန်းစက်မှုနယ်မြေရှိ စက်ရုံလုပ်ငန်းများ လည်ပတ်နေမှု ကွင်းဆင်းကြည့်ရှု
May 09,2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ချုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဇလွန်မြို့နယ်၌ တောင်သူနည်းပညာပေးသင်တန်းဖွင့်
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် (RS - CS) မျိုးစေ့ထုတ်တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်နှင့် ဆင်းသုခ(RS)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။