သတင်းများ

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်လေးများ အင်းလေးကန်အတွင်း အထင်ကရနေရာများသို့ လေ့လာလည်ပတ်
May 10,2026
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက် ၇ နာရီက အ‌ခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ စက်လှေများဖြင့် အင်းလေးကန်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။
လူရည်ချွန်စခန်း (ငွေဆောင်၊ချောင်းသာ) မှ လူရည်ချွန်မောင်မယ်များ  ပုသိမ်မြို့သို့ လေ့လာရေး ခရီးသွားရောက်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်နှင့်ချောင်းသာလူရည်ချွန်စခန်းများသို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိနေကြသည့် လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။
လှိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ
May 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သွားရောက်လေ့လာကြည့်ရှု
May 10,2026
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်နှင့် အဖွဲ့သည် မေ ၈ ရက်နေ့ ညနေ (၄) နာရီအချိန် သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန် စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) ဖွင့်ပွဲ အခမ်းအနားများတက်ရောက်
May 10,2026
၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် စခန်း(ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစခန်းများ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေးဟောပြောပွဲကျင်းပ
May 10,2026
အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလှုပ်ရှားမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်၌ မိုးစပါး ၄၂၈၆၉၈ ဧကစိုက်ပျိုးရန်လျာထား၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်
May 09,2026
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၂၈၆၉၈ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး အထွက်နှုန်းတိုးတက်ရေးနှင့် မိုးစပါးလျာထားဧကပြည့်မီ ကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်နှီးနွယ်ဌာနဆိုင်ရာများက မြေပြင်ကွင်းဆင်းစည်းရုံးဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ဝါးဆူးကွင်း၌ မိုးစပါးစိုက်ပျိုးရန် မြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းသရုပ်ပြသသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေး 
May 09,2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။