သတင်းများ

မန္တလေးတိုင်းဒေသကြီးအဆင့် မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ
May 09,2026
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း တိုင်းဒေသကြီးအဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ(ပိတ်ပွဲ)အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ မေ ၉ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။
ကျိုက်လတ်၌ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော "စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား" ကျင်းပ
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော "စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား"ကို မေ ၈ ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ သထုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး
May 09,2026
မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သထုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက်က အဆိုပါကျေးရွာရှိ ကဿဖတိုက်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးကြသည်။
MFF U16/U19 Youth Fustal League 2026 ဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 09,2026
နိုင်ငံတော်အစိုးရ၏ အားကစားတိုးတက်ရေး ရက် (၁၀၀) စီမံချက်အရ အားကစားရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှ ကျင်းပပြုလုပ်သော MFF U16/U19 Youth Fustal League 2026 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများ၊ ပရိတ်သတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
May 09,2026
မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တပ်ကုန်းရပ်ကွက်ရှိ ဧဝံဂေလိဓမ္မကောလိပ် ကျမ်းစာကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို မေ ၉ ရက်နေ့ နံနက် (၁၀)နာရီက စတင်၍ ကျုံသင်ကျေးရွာရှိ သုတကမ္ဘာစာကြည့်တိုက်နှင့် သက္ကယ်ချောင်ကျေးရွာရှိ ပျိုးခင်းသစ်စာကြည့်တိုက်တို့တွင် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘုရင့်နောင်စျေးရှိ စျေးသူ/စျေးသားများတွေ့ဆုံ
May 09,2026
ကရင်ပြည်နယ် မြဝတီမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်စျေးပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရင့်နောင်စျေးသူ/စျေးသားများတွေ့ဆုံပွဲကို ကျင်းပသည်။
သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ
May 09,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃)အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၉ ရက် နံနက် ၈ နာရီက အိုင်ဒွန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၉၀၀) ပေါက်ချောင်းကျေးရွာတောင်သူ ဦးထွန်းထွန်းနိုင်နှင့် ဦးဟန်လင်းမြတ်တို့၏ နွေစပါးစိုက်ခင်းများတွင် ပြုလုပ်ကြောင်း သိရသည်။