သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုဇယားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
May 09,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မေလ ၉ ရက်နေ့ နံနက် ၈နာရီက ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအိမ်ထောင်စုဇယားနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြစ်သားမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင်   ပညာရေးအခွင့်အလမ်းများအား  ရှင်းလင်းအသိပညာပေး
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းကျောင်း  Grade-9  အောင်မြင်သော ကျောင်းသား၊ကျောင်းသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက်ပညာသင်ကြား နိုင်ရန်အတွက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူနှင့် ကျောင်းသားမိဘများ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို မေ  ၇ ရက် နံနက် ၁၀ နာရီ က ရွာခိုင်ကြီးကျေးရွာနှင့်သပြေတောင်းကျေးရွာများ၌ ကျင်းပသည်။
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်း သန့်ရှင်းသာယာလှပ‌‌‌ရေး၊ ယာဥ်များစနစ်တကျရပ်နားနိုင်‌ရေး၊  ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများအတွင်း အမှိုက်များဆယ်ယူရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး
May 09,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်နေစေ‌ရေး၊ ယာဥ်များစနစ်တကျရပ်နားနိုင်ရေး ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ယာဥ်ရပ်နားစခန်း တာဝန်ခံတို့နှင့် ယမန်နေ့  မွန်းလွဲ ၂ နာရီက အဆိုပါယာဥ်ရပ်နားစခန်း အုပ်ချုပ်ရေးရုံးခန်း၌ တွေ့ဆုံပြီး ယာဥ်ရပ်နားစခန်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေဦးမြို့တွင်ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်
May 09,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ငါးရပ်နှင့်ကျေးရွာအုပ်စုနှစ်အုပ်စုရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်၀ယ်ကိုင်ဆောင်နိုင်ရေး ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
May 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် မေ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်  မြို့နယ်မြေစာရင်းဦးစီးဌာနမှူးနှင့် အဖွဲ့များက ကွက်ကြဲ၊ ကွက်စိတ် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်/ ကျေးရွာအဆင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍ စစ်ဆေးကြည့်ရှုခဲ့ကြသည်။
မွန်ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌ ဦးသက်ထွေး သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်
May 09,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြား ပိုမိုနီးကပ်စွာဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ မွန်ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံ အဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်
May 09,2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှအဖွဲ့ဝင်အမျိုးသားတစ်ဦး လက်နက် ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်းသိရသည်။
ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ်
May 09,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ စိမ့်စမ်းရေ အမြင့်တင်(၁/၄)မိုင်လုပ်ငန်းတွင် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်နေမှုအခြေ အနေကို ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးဇော်မင်းဦးတို့မှ ယမန်နေ့နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။