တောင်ငူ မေ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ယနေ့နံနက်ပိုင်းက ဆိတ်ဖူးတောင်ကျေးရွာ၊ ကယ်တင်ခြင်းဘုရားကျောင်းခန်းမတွင် ရက်(၁၀၀)စီမံချက် “ပျားမွေးမြူရေးပညာပေးသင်တန်း” ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပဲခူးတိုင်းပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး သင်တန်းအားဖွင့်လှစ်ပေးသည်။
သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၀)တက်ရောက်လျက်ရှိပြီး၊ မေ ၉ ရက်မှ ၁၁ ရက်အထိသင်တန်းကာလ (၃)ရက်တိတိဖြစ်ကာ သင်တန်းကာလအတွင်း တောင်ငူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးလင်းက ပျားမွေးမြူရေးပညာပေးများကို သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်