သတင်းများ

မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များ ဝယ်လိုအား မြင့်တက်မှုကြောင့် လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေ
Mar 03,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များကို နိုဝင်ဘာလမှ မေလအထိ လုပ်ကိုင်ဆောင်ရွက်ကြပြီး ပွင့်လင်းရာသီချိန် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်များပြားလာခြင်းကြောင့် လက်ရိုက်အုတ်များ ဝယ်လိုအား မြင့်တက်လာကာ လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာတွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စုတွင် အသက် (၁၆) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ ​ကျေးရွာဘုန်းတော်ကြီးကျောင်းဘုရားတန်​ဆောင်းတွင် ပြုလုပ်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ
Mar 03,2024
၂၀၂၄ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ဝယ်ယူ/ကြိတ်ခွဲ/တင်ပို့သူ အစုအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသူများ တက်ရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွားများတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့‌ ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
ယင်းမာပင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု
Mar 03,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါချောင်းဘေးရှိ ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများက ဆင်သေချောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။