မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ လိုက်ခါးကျေးရွာ အစည်းအဝေးခန်းမဆောင်တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။