ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Mar 03,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် ဆိုင်ပီးမွာလ်ကျေးရွာအုပ်စု၊ လွောင်အဲလ်ကျေးရွာ၌ ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်းနှင့် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထောင်းဆွမ်းမုန်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီနောက်ဆုံးပတ်က ကွင်းဆင်းစစ်ဆေးခဲ့သည်။