သတင်းများ

မိုင်းခုတ်မြို့၊ ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၂)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂)ဦးအား ယနေ့ နံနက်ပိုင်းက ဘိုးဘွားများ လက်ဝယ် အရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တိသုခကျောင်းတိုက် (၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Mar 03,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သန္တိသုခကျောင်းတိုက် (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က အောင်ဇေယျရပ်ကွက်ရှိ သန္တိသုခကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက် ( ၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်
Mar 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား မင်းလှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် MSMEs ကဏ္ဍများ ဆောင်ရွက်မည် ဒေသခံပြည်သူများထံသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 03,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ) အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ညောင်ကိုင်း ကျေးရွာ အုပ်စု၊ ညောင်ကိုင်းကျေးရွာ အ​ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းလှမြို့နယ်တွင် လယ်ယာမြေလုပ်ငန်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး
Mar 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်တွင် လယ်ယာမြေလုပ်ငန်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စက်မှုလယ်ယာစနစ်ကျလယ်မြ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု
Mar 03,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစန်းအောင်က တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စနစ်ကျလယ်ယာမြေ မဖော်ထုတ်မီ၊ ဖော်ထုတ်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။