စမ်းချောင်း မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက် ( ၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်း မြို့နယ်အတွင်းရှိ သံတံတားရပ်ကွက်နှင့် အောင်ချမ်း သာရက်ကွက်များမှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို (M) တံဆိပ် အထစ ၇ စု၊ နိုင် ၆(က) ၈ ဦး၊ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၁၄ ဦး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)