မိုင်းခုတ် မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂)ဦးအား ယနေ့ နံနက်ပိုင်းက ဘိုးဘွားများ လက်ဝယ် အရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂)ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၆၀၀၀၀)ကို ရပ်ကွက် စားရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဘိုးဘွားများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)