ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်

မင်းလှ မတ် ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား မင်းလှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် MSMEs ကဏ္ဍများ ဆောင်ရွက်မည် ဒေသခံပြည်သူများထံသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများတွင် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရန် ကြိုးစား‌ဆောင်ရွက်စေလို ပြောကြားသည်။

ထို့နောက် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေးကဏ္ဍ တောင်သူ (၃၀၄)ဦး၏  (၁၀၀၉)ဧကအတွက် ချေးငွေသိန်း (၂၀၁၈)ကျပ်၊ MSMEs ကဏ္ဍလုပ်ငန်းရှင် (၁)ဦးအတွက် ချေးငွေသိန်း (၅၀၀) ကျပ် စုစုပေါင်းလူဦးရေ (၃၀၅)ဦး အတွက် သိန်း (၂၅၁၈) ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)